News & Events


October 2016 (61)

(1) DAGON Lager Beer ပုလင်းဘီယာ အဖုံးတွင်းကံစမ်းမဲ သက်တမ်းတိုးမြှင့်ခြင်း
DAGON Lager Beer ပုလင်းဘီယာအဖုံးတွင်းကံစမ်းမဲအစီအစဉ်ကို ၁.၇.၁၆ မှ ၃၁.၁၀.၁၆အထိ ဆောင်ရွက်ရာတွင် သောက်သုံးသူ များ၏ အားပေးတောင်းဆိုမှုအရ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ နှစ်လသက်တမ်းတိုးမြှင့်သတ်မှတ်ထားပါသည်။



(2) Starlets' Sky ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင်
Starlets' Sky မြ၀တီရုပ်မြင်သံကြားအစီအစဉ် Level IV ပွဲစဉ်(၁)မှ (၄)အထိ (၄)ပွဲနှင့် ''ပျော်ရွှင်ကြည်နူး ဂီတဥယျာဉ်မှူး'' အထူးအစီအစဉ်(၁)ပွဲ စုစုပေါင်း(၅)ပွဲကို ၃.၁၀.၁၆နေ့တွင် ရန်ကုန်မြို့ Excel Tower Studio ၌ ရိုက်ကူးရေးပြုလုပ်ခဲ့ပါသည်။ အဆိုပါ အထူးပွဲတွင် Idiots အဖွဲ့နှင့်အတူ ရေမွန်ပါဝင် ဖျော်ဖြေခဲ့ပါသည်။












(3) အင်းလေးဖောင်တော်ဦးဘုရားပွဲတော်
ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ၆.၁၀.၁၆ မှ ၁၇.၁၀.၁၆ ထိ ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်ပစ္စည်း များ အရောင်းဆိုင်ဖွင့်လှစ်ပြီး ပွဲတော်လာဘုရားဖူးများအား အချိုရည်များ နမူနာတိုက်ကျွေးခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။






(4) လေသူရဲ လျှပ်တပြက်ဂေါက်သီးရိုက်ပြိုင်ပွဲ
အမှတ်(၇၇)လေသူရဲကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအထိမ်းအမှတ် လျှပ်တပြက်ဂေါက်သီးရိုက်ပြိုင်ပွဲကို မိတ္ထီလာမြို့ မြေပြင်အတတ်သင်လေတပ်စခန်း(လမသ)ဂေါက်ကွင်း၌ ၇.၁၀.၁၆နေ့တွင် ကျင်းပခဲ့ရာ service booth ဖွင့်လှစ်ပြီး ဒဂုံစည်ဘီယာဖြင့် ဧည့်ခံတိုက်ကျွေးခဲ့ပါသည်။


(5) Oktoberfest Yangon 2016 ဂျာမာန်ဘီယာပွဲတော်
ရန်ကုန်မြို့ ဂျာမနီနိုင်ငံသံရုံးမှကြီးမှူး၍ နှစ်စဉ်ပြုလုပ်သော ဂျာမာန်ဘီယာပွဲတော် Oktoberfest Yangon 2016ကို Rose Garden Hotelတွင် ၇.၁၀.၁၆နေ့နှင့် ၈.၁၀.၁၆နေ့များ၌ ကျင်းပပြုလုပ်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ ၀န်ထမ်းများနှင့်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများ မှဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး ဒဂုံစည်ဘီယာကို ဂျာမာန်စည်ဘီယာများနှင့်တွဲဖက်၍ ဧည့်ခံတိုက်ကျွေးခဲ့ပါ သည်။




(6) Myanmar Golf Tour 2016 ပဉ္စမပွဲစဉ်
မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ၂၀၁၆ Myanmar Golf Tour 2016 ပဉ္စမပွဲစဉ်ကို ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်းတွင် ၁၈.၁၀.၁၆ မှ ၂၁.၁၀.၁၆ထိ ကျင်းပပြုလုပ်ရာ ဂေါက်သီးရိုက်အားကစားသမား
(၁၃၀)ဦးနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အသင်းအဖွဲ့ချုပ်(MGF)၊ Professional Golfer Association (PGA)တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး ဒဂုံစည်ဘီယာ၊ ဒဂုံအဖျော်ယမကာထုတ်ကုန်အချိုရည်များဖြင့် ဧည့်ခံတိုက်ကျွေးခဲ့ပါသည်။






(7) ကျောက်တော်ကြီး စန္ဒာမုနိ ကုသိုလ်တော်ဘုရားပွဲ
မန္တလေးမြို့ မန္တလေးတောင်ခြေ ကျောက်တော်ကြီးစန္ဒာမုနိကုသိုလ်တော်ဘုရားပွဲကို ၁၄.၁၀.၁၆ မှ ၂၃.၁၀.၁၆ထိ ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်ပစ္စည်းများ အရောင်းဆိုင်ခန်းဖွင့်လှစ်ရောင်းချခြင်းနှင့် ၃+၁ အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။







(8) ဆန္ဒဖော်ထုတ်ပွဲနှင့် စာပေဟောပြောပွဲ
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်ဝန်ထမ်းများ လစဉ်ဆန္ဒဖော်ထုတ်ပွဲနှင့် စာရေးဆရာ မောင်သာချို၏ ''ဆင်းရဲခြင်း လွတ်ကင်းအောင်'' အမည်ဖြင့် စာပေဟောပြောပွဲကို ၃၁.၁၀.၁၆နေ့တွင် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်စက်ရုံ ရွှေပြည်သာတွင် ကျင်းပခဲ့ပါသည်။





(9) တန်ဆောင်တိုင်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ
ပြင်ဦးလွင်မြို့ ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း၏ တန်တောင်တိုင်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ၃၀.၁၀.၁၆နေ့တွင် ကျင်းပခဲ့ရာ ဒဂုံစည်ဘီယာဖြင့် ဧည့်ခံတိုက်ကျွေးခဲ့ပါသည်။


(10) Happy Thadingyut Special Promotion
ရန်ကုန်မြို့ရှိဂေါက်ကွင်းနှင့်ဂေါက်ကလပ်များဖြစ်သည့် တပ်မတော်ဂေါက်ကွင်း၊ ငွေသော်တာ (YCDC)ဂေါက်ကွင်း၊ မြကန်သာ (YCDC) ဂေါက်ကွင်းတို့တွင် ၁၅.၁၀.၁၆ မှ ၆.၁၁.၁၆ထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင်လည်းကောင်း ဥက္ကလာဂေါက်ကွင်းတို့တွင် ၁၈.၁၀.၁၆ မှ ၁၇.၁၁.၁၆ထိ နေ့စဉ် အဖြစ်လည်းကောင်း DAGON Light Lager Beer 640ml ပုလင်းဘီယာများ 3+1အစီအစဉ်ကို Happy Thadingyut Special Promotion အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။


(11) ပါရမီရှင်လူမှုကူညီရေးအသင်း(လှော်ကား) ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်မိသားစုမှ မတည်အလှူငွေပေါင်း သိန်းတစ်ရာ့ငါးဆယ်ခန့် လှူဒါန်းပြီး ဆောက်လုပ်လှူဒါန်းခဲ့သည့် ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာ ပါရမီရှင်လူမှုကူညီရေးအသင်း(လှော်ကား)ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကို ၄.၁၁.၁၆တွင် ဖွင့်လှစ် ပေးခဲ့ပါသည်။ အဆိုပါ အခမဲ့ဆေးခန်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ဖွင့်လှစ်ပြီး လူနာများအား ကျန်းမားရေးစောင့်ရှောက်မှု အခမဲ့ပေးသည့် အပြင် ဆေးခန်းအတွက် လိုအပ်သည့် ဆေးဝါးများအတွက်လည်း လစဉ်အလှူငွေများ ထည့်ဝင်လှူဒါန်းဆောင်ရွက်လျက်ရှိပါသည်။










(12) ဧကာဒသမကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက် ၀န်ထမ်းမိသားစုများ၏ နှစ်စဉ်အတိုင်း ပြုလုပ်ကျင်းပမြဲဖြစ်သော (၁၁)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်စက်ရုံ၊ ရွှေပြည်သာတွင် ၁၃.၁၁.၁၆၌ ကျင်းပခဲ့ပြီး လှော်ကားကျေးရွာ ၀ါးတစ်ရာ ရွှေပြည်အေးကျောင်းတိုက် ဆရာတော် ဦးဝိလာသ(ဝေါ)နှင့် ပင့်သံဃာများကို ကထိန်လျာဉတ်သင်္ကန်းနှင့်တကွ ပဒေသာပင်(၁၁)ခုကို လှူဒါန်း လျက် နေ့ဆွမ်းဆက်ကပ်ခဲ့ပါသည်။






အုပ်ချုပ်ရေးနှင့်ငွေစာရင်းဌာန(၅၆၉,၄၀၀ိ)၊ ပစ္စည်းထိန်းနှင့်လက်ခံဖြန့်ဖြူးရေးဌာန(၄၀၀,၀၀၀ိ)၊ ထုတ်ပိုးရေးဌာန(၃၂၀,၆၅၀ိ)၊ ပြုပြင်ထိန်းသိမ်းရေးဌာန(၂၈၅,၀၀၀ိ)၊ စွမ်းအားပေးဌာန၊ အရည်အသွေးစစ်ဆေးရေးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန (၂၁၆,၀၀၀ိ)၊ ဈေးကွက်နှင့်အရောင်းဌာန(၆၇၃,၀၀၀ိ)၊ စည်ဘီယာဆိုင်ရှင်များနှင့်စည်ဘီယာဌာန(၉၀၂,၀၀၀ိ)၊ ဒဂုံဝင်းဝင်းကုမ္ပဏီလီမိတက် (၃၀၀,၀၀၀ိ)နှင့် ပင်မပဒေသာပင်စုပေါင်းအလှူ (၁,၅၆၅,၆၀၀ိ)၊ စုစုပေါင်း ၅,၂၃၁,၆၅၀ိ (ကျပ်ငါးဆယ့်နှစ်သိန်းသုံးသောင်းတစ်ထောင်ခြောက်ရာ့
ငါးဆယ်တိတိ) လှူဒါန်းခဲ့ပါသည်။



 
September 2016 (29)

(1) ရတနာဂူမြတ်စွာဘုရားပွဲတော်နှင့် မယ်တော်နတ်ပွဲ
အမရပူရတွင် ၂၅.၈.၁၆ မှ ၂.၉.၁၆ ထိကျင်းပသည့် ရတနာဂူမြတ်စွာဘုရားပွဲတော်နှင့် မယ်တော်နတ်ပွဲ၌ ဒဂုံအဖျော်ယမကာ ထုတ်ကုန်ပစ္စည်းများ အရောင်းဆိုင်ခန်းဖွင့်လှစ်ပြီး ပွဲတော်လာသူများအား နမူနာတိုက်ကျွေးခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။




(2) ကရ၀ိတ်ဖောင်တော်ဦးဘုရားပွဲတော်
မိတ္တီလာမြို့ ကရ၀ိတ်ဖောင်တော်ဦးဘုရားပွဲတော်ကို ၉.၉.၁၆ မှ ၁၈.၉.၁၆ ထိ ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်ပစ္စည်းများ အရောင်းဆိုင်ခန်းဖွင့်လှစ်ပြီး ပွဲတော်လာသူများအား နမူနာတိုက်ကျွေးခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။





(3) မင်္ဂလာအခမ်းအနားဝတ်စုံနှင့် အမျိုးသမီးဖက်ရှင်ပြပွဲကြီး
ရန်ကုန်မြို့တပ်မတော်ခန်းမတွင် ၁၆.၉.၁၆ မှ ၁၉.၉.၁၆ ထိ ကျင်းပသည့် ၂၀၁၆ ခုနှစ် မင်္ဂလာအခမ်းအနားဝတ်စုံနှင့် အမျိုးသမီးဖက်ရှင်ပြပွဲကြီး၌ ဒဂုံအဖျော်ယမကာထုတ်ကုန် သံဘူးအချိုရည်များရောင်းချခြင်းနှင့် ကြောငြာလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။





(4) မျိုးဆက်သစ် Myanmar Fight XVI မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ
ရန်ကုန်မြို့ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားပြိုင်ပွဲရုံ၌ ၁၈.၉.၁၆တွင် ကျင်းပသည့် မျိုးဆက်သစ် Myanmar Fight XVI မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ပံ့ပိုးကူညီပါဝင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အားကစားနှင့် ကာယပညာသိပံ္ပမှ သင်တန်းသား၊ သင်တန်းသူများ၊ လက်ဝှေ့ဝါသနာရှင်များ ကြည့်ရှု့အားပေးခဲ့ကြပါသည်။





(5) Soft Skill Development Training
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက် ၊ ဈေးကွက်နှင့်အရောင်းဌာန ၊ ရန်ကုန်ရုံးနှင့် နယ်ရုံးခွဲများရှိ အရောင်းတာဝန်ခံ (၈၀) ဦးအား စွမ်းရည်ပြည့်ဝထက်မြက်သော ၀န်ထမ်းကောင်းများဖြစ်လာစေရေး ဆရာလင်းသိုက်ညွှန့် ( မြန်မာ့မြေ ) နှင့် ဆရာဦးကျော်ဇောအောင်တို့က ၁၉.၉.၁၆ မှ ၂၁.၉.၁၆ ထိ ပထမအကြိမ်၊ ၃.၁၀.၁၆ မှ ၅.၁၀.၁၆ ထိ ဒုတိယအကြိမ် သင်တန်းပို့ချခြင်းနှင့် လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။





(6) YPGG ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ညစာစားပွဲ
သန်လျင်ဂေါက်ကွင်းတွင် ၂၄.၉.၁၆ နေ့၌ပြုလုပ်သည့် (၆၆)ကြိမ်မြောက် YPGG (Yuzana Plaza Golfer Group) ဂေါက်သီးရိုက်အသင်း ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ညစာစားပွဲအခမ်းအနားတွင် ဒဂုံစည်ဘီယာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။





(7) ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း ထူထောင်ခြင်းအထိမ်းအမှတ် ဂေါက်သီးရိုက်
ပြိုင်ပွဲ

ပြင်ဦးလွင်မြို့တွင် ၂၅.၉.၁၆ နေ့၌ကျင်းပသည့် ပြင်ဦးလွင်ဂေါက်သီးရိုက်အသင်း ထူထောင်ခြင်းအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဒဂုံစည်ဘီယာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။



(8) ဆန္ဒဖော်ထုတ်ပွဲနှင့် စာပေဟောပြောပွဲ
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်ဝန်ထမ်းများ လစဉ်ဆန္ဒဖော်ထုတ်ပွဲနှင့် စာရေးဆရာ ဆရာမာဂျေ၏ “ motivation” အမည်ဖြင့် စာပေ ဟောပြောပွဲကို ၂၉.၉.၁၆ နေ့တွင် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်စက်ရုံ ရွှေပြည်သာတွင် ကျင်းပခဲ့ပါသည်။





(9) တန်ဆောင်တိုင်အကြို အထူးအခွင်းအရေးလက်ဆောင်မွန်များ

(10) တန်ဆောင်တိုင်အကြို ငွေသားကူပွန်ကံစမ်းမဲအစီအစဉ်

 
August 2016 (86)

(1) Lethwei World Championship စာနယ်ဇင်းရှင်းလင်းပွဲ
ရန်ကုန်မြို့ central hotel တွင် ၆.၈.၁၆ နေ့၌ကျင်းပသော ပထမအကြိမ်
မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံပြီး လက်ဆောင်ပစ္စည်းများလည်း ပံ့ပိုးကူညီပေးခဲ့ပါသည်။





(2) DAGON Beer’s Golden Era Party 2016
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးဆုတံဆိပ်များ ဆယ်နှစ်ဆက်တိုက်ရရှိနိုင်မှု နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ကမ္ဘာ့အရည်အသွေးစိစစ်သတ်မှတ်မှုပြိုင်ပွဲ Monde (World) Selection မှ ကမ္ဘာ့နိုင်ငံများတွင် ပထမဆုံး Prize of the Jury ဆုတံဆိပ်ရရှိနိုင်ခဲ့ခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့ Novotel Hotel Yangon Max တွင် ၁၀.၈.၁၆ နေ့၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။



















(3) MEC Tel မိုးဦးရာသီ ကံစမ်းမဲအစီအစဉ် ကံထူးရှင်များဆုချီးမြှင့်ခြင်း အခမ်းအနား
MEC Tel မိုးဦးရာသီ ကံစမ်းမဲအထူးအစီအစဉ် ကံထူးရှင်များ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် Gandamar Wholesales တွင် ၁၅.၈.၁၆ နေ့တွင်ကျင်းပပြီး Suzuki Ertiga ကားသစ်တစ်စီးနှင့်တကွ ရွှေပြားဆုများအပါအ၀င် ကံစမ်းမဲ ကံထူးရှင်များကို ဆုပေးအပ်ချီးမြှင့်ခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။







(4) နိုင်ငံတကာအသိအမှတ်ပြု DAGON Beverages မြ၀တီရုပ်မြင်သံကြား လျှပ်တပြက်ရိုက်ချက်
ရန်ကုန်မြို့ central hotel တွင် ၆.၈.၁၆ နေ့၌ကျင်းပသော ပထမအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံပြီး လက်ဆောင်ပစ္စည်းများလည်း ပံ့ပိုးကူညီပေးခဲ့ပါသည်။





(5) Starlets’ Sky ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင်
Starlets’ Sky မြ၀တီရုပ်မြင်သံကြားအစီအစဉ် Level III ပွဲစဉ် (၁)မှ (၆) အထိ (၆)ပွဲနှင့် သီတင်းကျွတ်အထူးပွဲ (၁)ပွဲ စုစုပေါင်း (၇)ပွဲကို ၁၈.၈.၁၆ နေ့တွင် ရန်ကုန်မြို့ Excel Tower Studio ၌ ရိုက်ကူးရေးပြုလုပ်ခဲ့ပါသည်။










(6) ပထမအကြိမ်မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲ
Myanmar Lethwei World Championship

ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ၂၁.၈.၁၆ နေ့၌ ကျင်းပသည့် Myanmar Lethwei World Championship တွင် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်သည် Gold Sponsor အဖြစ်ပါဝင်ခဲ့ပါသည်။






(7) ၀န်ဆောင်မှုဆိုင်ရာသင်တန်းနှင့် product training
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်တွင် အရောင်းမြှင့်တင်ရေးအမျိုးသမီးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်း အမျိုးသမီး (၇၀)ဦးအား Basic Customer Service Training သင်တန်းကို ၂၁.၈.၁၆ မှ ၂၄.၈.၁၆ ထိ စက်ရုံသင်တန်းခန်းမတွင် ပို့ချသင်ကြားပေးခဲ့ပါသည်။









(8) Karaoke World Championship Myanmar 2016
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသည့် Karaoke World Championship Myanmar 2016 တွင် Silver Sponser အဖြစ်ပါဝင်ပြီး ရန်ကုန်မြို့ Novotel Hotel Max Yangon ၌ ၂၆.၈.၁၆ တွင် ကျင်းပသည့် Final ပြိုင်ပွဲ၌ ကြော်ငြာတပ်ဆင်ခြင်းလုပ်ငန်းများနှင့် ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။













(9) ဆန္ဒဖော်ထုတ်ပွဲနှင့် စာပေဟောပြောပွဲ
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်ဝန်ထမ်းများ လစဉ်ဆန္ဒဖော်ထုတ်ပွဲနှင့် စာရေးဆရာမ ဂျူး၏ စာဖတ်ခြင်းအနုပညာအမည်ဖြင့် စာပေဟောပြောပွဲကို ၂၉.၈.၁၆တွင် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်စက်ရုံ ရွှေပြည်သာတွင် ကျင်းပခဲ့ပါသည်။





(10) တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ
လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပခြင်းအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ၂၁.၈.၁၆နေ့တွင် မိတ္ထီလာမြို့ မြေပြင်အတတ်သင်လေတပ်စခန်း(လမသ)ဂေါက်ကွင်းတွင် ကျင်းပခဲ့ရာ service boothများ ဖွင့်လှစ်ပြီး ဒဂုံအဖျော်ယမကာ ထုတ်ကုန်ပစ္စည်း များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။






(11) ရွှေဧရာတပ်မတော်ဂေါက်ကလပ် နှစ်ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ
ပုသိမ်မြို့ ရွှေဧရာတပ်မတော်ဂေါက်ကလပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ညစာစားပွဲကို ၁၃.၈.၁၆တွင် ကျင်းပရာ ဒဂုံစည်ဘီယာဖြင့် တိုက်ကျွေးဧည့်ခံခဲ့ပါသည်။




(12) KBZ Bank U 19 Cup လေးနိုင်ငံဘောလုံးပြိုင်ပွဲ
မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် ၂၂.၈.၁၆မှ ၂၈.၈.၁၆ထိ ကျင်းပသည့် KBZ Bank U 19 Cupတွင် ကြော်ငြာဆိုင်းဘုတ် များ စိုက်ထူခြင်းနှင့် အချိုရည်ထုတ်ကုန်ပစ္စည်းများ အရောင်းဆိုင်ခန်း ဖွင့်လှစ်ရောင်းချခြင်းကို ဆောင်ရွက်ခဲ့ပါသည်။









(!3) တာင်ပြုန်းနတ်ပွဲ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောင်ပြုန်းနတ်ပွဲကို ၁၀.၈.၁၆ မှ ၁၈.၈.၁၆ထိ ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်ပစ္စည်းများ အရောင်းဆိုင်ခန်းဖွင့်လှစ်ပြီး ပွဲတော်လာသူများအား နမူနာတိုက်ကျွေးခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။









 
July 2016 (47)

(1) ဒေသဆိုင်ရာအရောင်းကိုယ်စားလှယ်များ၊ လက်ကားဆိုင်ရှင်များနှင့်တွေ့ဆုံခြင်း
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာနှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များသည် ၂.၇.၁၆နေ့တွင် မန္တလေးမြို့၊ Hotel Mandalayတွင် ဒဂုံဝင်းဝင်းကုမ္ပဏီလီမိတက်၊ ဒေသဆိုင်ရာအရောင်းကိုယ်စားလှယ်ကြီးများ၊ လက်ကားဆိုင်ရှင်များနှင့်တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

(2) DAGON Lager Beer ပုလင်းဘီယာအဖုံးတွင်းကံစမ်းမဲ
သောက်သုံးသူများအတွက် DAGON Lager Beer ပုလင်းဘီယာအဖုံးတွင်းကံစမ်းမဲကို ၁.၇.၁၆ မှ ၃၁.၁၀.၁၆ထိ ပြုလုပ်လျက်ရှိပြီး ဆယ်သိန်း၊ ငါးသိန်း၊ တစ်သောင်း၊ ငါးထောင်၊ နှစ်ထောင်၊ တစ်ထောင်၊ ငါးရာ၊ သုံးရာ ငွေသားဆုမဲများ ကံစမ်းမဲအဖြစ် ထည့်သွင်းထားရှိ ပါသည်။



(3) ဒဂုံစည်ဘီယာ မိုးရာသီကံစမ်းမဲ (တတိယအကြိမ်)
ဒဂုံစည်ဘီယာတစ်ဂျားသောက် (သို့မဟုတ်) လေးခွက်သောက် ကံစမ်းမဲကူပွန်တစ်စောင် ကံစမ်းမဲအစီအစဉ်ကို အနယ်နယ်အရပ်ရပ် ရှိ ဒဂုံစည်ဘီယာဆိုင်များတွင် ၂၀.၇.၁၆ မှ ၂၉.၇.၁၆ ထိ တတိယအကြိမ်ပြုလုပ်ပြီး Rain coat, T Shirt, DAGON Light Lager ဘီယာသံဘူး၊ metal သော့ချိတ်၊ မီးခြစ်များကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။


(4) 3rd ဆန္ဒဖော်ထုတ်ပွဲနှင့် စာပေဟောပြောပွဲ
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက် ၀န်ထမ်းများ လစဉ်ဆန္ဒဖော်ထုတ်ပွဲနှင့် ရုပ်ရှင်သရုပ်ဆောင် ဆွေဇင်ထိုက်၏ စာပေဟောပြောပွဲ ကို ၂၈.၇.၁၆ တွင် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်စက်ရုံ ရွှေပြည်သာတွင် ကျင်းပခဲ့ပါသည်။





(5) 3rd Myanmar Idol Acoustic Album မိတ်ဆက်ပွဲ
Myanmar Idol Top 11 ပါဝင်သီဆိုထားသော Myanmar Idol Acoustic Album (MNTV) မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေထွဋ္ဋ်တင်ကွင်းတွင်ကျင်းပခဲ့ရာ အနုပညာရှင်များ၊ စာနယ်ဇင်းမီဒီယာများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဒဂုံစည်ဘီယာဖြင့် တည်ခင်းဧည့်ခံပေးခဲ့ပါသည်။





(6) Shwe Trip Planner Luxuary ဖွင့်ပွဲ
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ Shwe Trip Planner Luxuary အပျော်စီးသင်္ဘောဖွင့်ပွဲအခမ်းအနားကို ၃.၇.၁၆တွင် ပြုလုပ်ရာ ဧည့်သည်တော်များအား ဒဂုံစည်ဘီယာဖြင့် တည်ခင်းဧည့်ခံပေးခဲ့ပါသည်။





(7) 3+1 Promotion of DAGON Light Lager Beer in Golf Courses
ရန်ကုန်မြို့ရှိ ဂေါက်ကွင်းနှင့်ဂေါက်ကလပ်များတွင် ဇူလိုင်လအတွင်း စနေနေ့နှင့်တနင်္ဂနွေနေ့များ၌ DAGON Light Lager Beer ပုလင်းနှင့် သံဘူးဘီယာများအား 3+1 အရောင်းမြှင့်တင်ရေးအစီအစဉ် ဖော်ဆောင်ခဲ့ပါ
သည်။





(8) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်အမျိုးသားဘော်လီဘောပြိုင်ပွဲ


မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက် (၆)နိုင်ငံပတ်လည် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ၁.၇.၁၆ မှ ၆.၇.၁၆ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ပြုလုပ်ရာ ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်မှ ငွေသား sponsor ပံ့ပိုးသည့်အပြင် ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တိုက်ကျွေးဧည့်ခံခဲ့ပါသည်။


(9) ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲ၊ ဖျာပုံ
မြန်မာနိုင်ငံစက်ဘီးစီးကွန်ယက်အဖွဲ့၏ ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲကို ဖျာပုံမြို့တွင် ၁၇.၇.၁၆ရက်နေ့၌ ပြုလုပ်ကျင်းပရာ ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်မှ ငွေသား sponsor ပံ့ပိုးသည့်အပြင် ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တိုက်ကျွေးဧည့်ခံခဲ့ပါသည်။







(10) စူဠာမုဏိဘုရား နှစ်တစ်ရာပြည့် ဘုရားပွဲတော်၊ မြင်းခြံမြို့
မြင်းခြံမြို့တွင် ၁၄.၇.၁၆ မှ ၂၅.၇.၁၆ထိ ကျင်းပသည့် စူဠာမုဏိဘုရား နှစ်တစ်ရာပြည့် ဘုရားပွဲတော်တွင် ဒဂုံအဖျော်ယမကာ ထုတ်ကုန်ပစ္စည်းများ အရောင်းဆိုင်ခန်းဖွင့်လှစ်ပြီး ပွဲတော်လာသူများအား နမူနာတိုက်ကျွေးခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက် ခဲ့ပါသည်။





(11) Starlets’ Sky ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင်
Starlets’ Sky မြ၀တီရုပ်မြင်သံကြားအစီအစဉ် Level II ပွဲစဉ် (၁)မှ (၅) အထိ စုစုပေါင်း(၅) ပွဲကို ၄.၇.၁၆ နေ့တွင် ရန်ကုန်မြို့ Excel Tower Studio ၌ ရိုက်ကူးရေးပြုလုပ်ခဲ့ပါသည်။










(12) Starlets’ Sky ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင်
Starlets’ Sky မြ၀တီရုပ်မြင်သံကြားအစီအစဉ် Level II ပွဲစဉ် (၆)မှ (၉) အထိ စုစုပေါင်း(၄) ပွဲကို ၁၀.၇.၁၆ နေ့တွင် ရန်ကုန်မြို့ ကံဘဲ့ MMU Studio ၌ ရိုက်ကူးရေးပြုလုပ်ခဲ့ပါသည်။










(13) 3rd လူရွှင်တော်အသင်း (ပြည်)၏ ချစ်ကြည်ရေးဘောလုံးပွဲ
လူရွှင်တော်အသင်း(ပြည်)မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် သက်ကြီးလူရွှင်တော်များအား ပူဇော်ကန်တော့ရန်အတွက် ချစ်ကြည်ရေး ဘောလုံးပွဲကို ၃၀.၇.၁၆ နေ့တွင် ပြည်မြို့မင်္ဂလာရွှေပြည်ဘောလုံးကွင်းတွင်ကျင်းပရာ ငွေသားပံ့ပိုးမှု ၊ ဘောလုံးကန်ဝတ်စုံများနှင့် DAGON Malta Fresh အချိုရည်သံဘူးများ ပံ့ပိုးကူညီမှုတို့ကို ဆောင်ရွက်ခဲ့ပါသည်။




(14) MEC Tel မိုးဦးရာသီ ကံစမ်းမဲအထူးအစီအစဉ် (စတုတ္တအကြိမ်)
MEC Tel မိုးဦးရာသီ ကံစမ်းမဲအထူးအစီအစဉ် စတုတ္တအကြိမ် ကံထူးရှင်များရွေးချယ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၈.၇.၁၆ နေ့တွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ငွေပင်လယ် Studio တွင် ပြုလုပ်ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါ သည်။




 
June 2016 (10)

(1) ယာဉ်ရပ်နားမှတ်တိုင်အဆောက်အဦနှစ်ခု ပြုလုပ်လှူဒါန်းခြင်း
မိတ္ထီလာမြို့ ချည်မျှင်နှင့်အထည်စက်ရုံရှေ့နှင့် စက်ရုံ၏အမှတ်(၃)၀င်ပေါက်ရှေ့တို့တွင် ယာဉ်ရပ်နားမှတ်တိုင်အဆောက်အဦ တစ်ခု လျှင် (၂၉)သိန်းကျပ်နှုန်းဖြင့် နှစ်ခုအတွက် စုစုပေါင်း(၅၈)သိန်းကျပ် အကုန်အကျခံကာ ခရီးသွားလုပ်သားပြည်သူများ မပင်ပန်းစိမ့်သောငှာ ၈.၆.၂၀၁၆တွင် အပြီးတည်ဆောက်လှူဒါန်းပေးခဲ့ပါသည်။

(2) ပန်းအိုင်ဘုရားပွဲတော်၊ မလှိုင်မြို့
မလှိုင်မြို့တွင် ၁၆.၆.၁၆ မှ ၆.၇.၁၆ထိ ကျင်းပသည့် ပန်းအိုင်ဘုရား
ပွဲတော်တွင် ဒဂုံအဖျော်ယမကာထုတ်ကုန်ပစ္စည်းများ အရောင်း ဆိုင်ခန်း ဖွင့်လှစ်ပြီး ပွဲတော်လာသူများအား နမူနာတိုက်ကျွေးခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။





(3) MECTel မိုးဦးရာသီကံစမ်းမဲအထူးအစီအစဉ် (ပထမအကြိမ်)
MECTel မိုးဦးရာသီကံစမ်းမဲ အထူးအစီအစဉ် ပထမအကြိမ် ကံထူးရှင်များ ရွေးချယ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၁၈.၆.၁၆နေ့တွင် ရန်ကုန်မြို့ ကံဘဲ့ MMU Studio တွင် ပြုလုပ်ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

(4) ဒဂုံစည်ဘီယာမိုးရာသီကံစမ်းမဲ (ဒုတိယအကြိမ်)
ဒဂုံစည်ဘီယာတစ်ဂျားသောက် (သို့မဟုတ်) လေးခွက်သောက် ကံစမ်းမဲကူပွန်တစ်စောင် ကံစမ်းမဲအစီအစဉ်ကို အနယ်နယ်အရပ်ရပ် ရှိ ဒဂုံစည်ဘီယာဆိုင်များတွင် ၂၀.၆.၁၆ မှ ၂၉.၆.၁၆ထိ ဒုတိယအကြိမ်ပြုလုပ်ပြီး Rain Coat, T Shirt, ခါးပတ်အိတ်၊ metal သော့ချိတ်၊ bottle opener key chain များကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။


(5) MECTel မိုးဦးရာသီ ကံစမ်းမဲအထူးအစီအစဉ် (ဒုတိယအကြိမ်)
MECTel မိုးဦးရာသီကံစမ်းမဲအထူးအစီအစဉ် ဒုတိယအကြိမ်ကံထူးရှင်များ ရွေးချယ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၃၀.၆.၁၆နေ့တွင် ရန်ကုန်မြို့ ကံဘဲ့ MMU Studio တွင် ပြုလုပ်ကျင်းပခဲ့ရာ ဒဂုံအဖျော်ယမကာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

(6) ဆန္ဒဖော်ထုတ်ပွဲနှင့်စာပေဟောပြောပွဲ
ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်ဝန်ထမ်းများ လစဉ်ဆန္ဒဖော်ထုတ်ပွဲနှင့် စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)၏ စာပေဟောပြောပွဲကို ၃၀.၆.၁၆တွင် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက် စက်ရုံတွင် ကျင်းပခဲ့ပါသည်။ ၀န်ထမ်းများ၏ ၂၀၁၆ခုနှစ် အခြေခံပညာအထက်တန်းအောင် သား/သမီးများအား ဂုဏ်ပြုဆုကြေးငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကိုလည်း ဆက်လက်ကျင်းပခဲ့ပါ သည်။


 
<< Start < Prev 1 2 Next > End >>

Page 1 of 2